NUG အစိုးရ သမ္မတ၏ ညွှန်ကြားချက်ဖြင့် မကွေးတိုင်း ပေါက်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကပစ(၂၄)အား တော်လှန်ရေးတပ်များက ၂၀၂၄ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့တွင် ဒရုန်းဗုံးသီးအလုံး(၁၀၀)ကျော်နှင့် ရော့ကတ်များ အသုံးပြုကာ ဝင်ရောက်တိုက်ခိုက်ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။
ပေါက်မြို့နယ် ပျဉ်းမကျေးရွာတွင် ကပစ (၂၄)၊ (၂၃)နှင့် အခြား ကပစ တို့အတွက် အဓိကလျှပ်စစ်ပေးပို့ပြီး စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်နေသည့် အထိုင်လျှပ်စစ် ထရမ်စဖာများအား Drop ဗုံးသီးများချ၍ တိုက်ခိုက်ခြင်း၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီတပ်များရှိရာအနီးသို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခြင်တို့ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်မှုကြောင့် ကပစသို့ပေးပို့သည့် လျှပ်စစ် ထရမ်စဖာများအား ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါက်မြို့နယ် ကျွန်းတိုင်းကျေးရွာသို့ ဗုံးကြဲသည်ဟု ဆိုသည်။
တိုက်ပွဲတွင် ကပစ (၂၄)မှ ဟောင်ဝှစ်စာများဖြင့် ပစ်ခတ်ခြင်း၊ ပေါက်မြို့နယ် ဆူးပုတ်ခုံနှင့် ပျဉ်းမဆိုဒ်များတွင် ထားရှိသော လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းကြောင့် ကျေးရွာ(၇)ရွာခန့်မှ ဒေသခံများ ဘေးလွတ်ရာတောတောင်များသို့ တိမ်းရှောင်နေရသည်ဟု သိရသည်။
တိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ ဦးလေးကြီး ရော့ကတ်တပ်ဖွဲ့၊ မိုးမိတ်ရော့ကတ်တပ်ဖွဲ၊ ဘာမထီပြောက်ကျားတပ်ဖွဲ့၊ နှင်းကွေးရော့ကတ်အဖွဲ့၊ မြိုင်/ပေါက် ဒရုန်းတပ်ဖွဲ့များ၊ BRAF Drone Team၊ ဗိုလ်လရောင်တပ်ဖွဲ့ (ပေါက်)၊ မြွေပွေးပြောက်ကျားတပ်ဖွဲ့ (ပေါက်မြို့နယ်) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: မြိုင် ပကဖ