စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခြင်းကြောင့် အရပ်သားသေဆုံးမှု သရုပ်ဖော်ပြသပွဲ ချင်းမိုင်မြို့တွင်ပြုလုပ်

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခြင်းကြောင့် အရပ်သားသေဆုံးမှု သရုပ်ဖော်ပြသပွဲ ချင်းမိုင်မြို့တွင်ပြုလုပ်
အောက်တိုဘာ 12, 2023 | 2021 Military Coup| အခြားဒေသများ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးရမှု သရုပ်ဖော်ပြသပွဲကို ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့ ညနေပိုင်းက ထိုင်းနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့်ရပ်ပိုင်းက ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းအား စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ သေဆုံးခဲ့ရခြင်းကိုလည်း သရုပ်ဖော်ပြသခဲ့ကြသည်။

အဆိုပါ သရုပ်ဖော်ပြပွဲတွင် စစ်ကောင်စီ၏ လေယာဉ်ဆီဝယ်ယူရရှိနေမှုနှင့် လေယာဉ်ဆီ ဖြတ်တောက်ရေးကို နိုင်ငံတကာက ပိတ်ဆို့အရေးယူနိုင်ရေးအတွက်ရည်ရွယ်၍ ထိုင်း-မြန်မာအရေးလူ့အခွင့်အရေးလှုပ်ရှားသူများက လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency