မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူး အပါအဝင် (၁၄)ဦးကိုဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု အမှတ်(၁)စစ်ဒေသထံမှ သိရသည်။
စစ်ကောင်စီ တပ်မ(၁၀၁)လက်အောက်ခံ အင်အား (၂၀၀)ခန့်အား မြင်းခြံခရိုင် တပ်ရင်း(၄၊ ၁၀)၊ နွားထိုးကြီးမြို့ နယ် ပကဖနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ကျတွင်းဘိုးရွာ အနောက်တောင်ဘက်၌ ၂၀၂၅ခုနှစ် မတ်လ(၉)ရက်နေ့တွင် ပူးပေါင်းတိုက်ခိုက်သည်ဟု သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီအဖွဲ့ဝင် (၂၅)ဦး သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီး အောင်ကိုကိုတို့အပါ (၁၄)ဦး ဖမ်းဆီးရမိထားသည်ဟု သိရသည်။
ထို့အပြင် MA-1 (၁၉)လက်၊ MA-2 (၂)လက်၊ MA-3 (၇)လက်၊ MA-5 (၂)လက်၊ MA-11 (၇)လက်၊ MA-12 (၁)လက်၊ G-3 (၂)လက်၊ G-4 (၁) လက်၊ ၆၀ မမ ပြောင်းတို (၂)လက်၊ ၈၁ မမ စိန်ပြောင်း (၁)လက်၊ 5.56 ကျည် (၁၂၀၀၀)တောင့်၊ 7.62 ကျည် (၁၀၄၅)တောင့်၊ 9 မမ ကျည် (၁၉)တောင့်၊ ၆၀ မမ ကျည် (၂၈)လုံး၊ ၈၁ မမ ကျည် (၇)လုံး၊ RPG ကျည်အဖူး (၇)လုံး၊ RPG ပို့ကျည် (၈) တောင့်၊ အီနာဂါ (၂၁) လုံး၊ နင်းမိုင်း (၅)လုံး၊ လက်ပစ်ဗုံး (၁၁)လုံး၊ Laptop (၂)လုံးနှင့် ဆက်သွယ်ရေးစက် (၂)လုံးတို့ကို သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။
တိုက်ပွဲအတွင်း မိတ္ထီလာနှင့် တံတားဦးမှတက်လာသော ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး နွားထိုးကြီးမြို့နယ် ပကဖ ရဲဘော် (၂)ဦး သေဆုံးသည်ဟု သိရသည်။
#TachileikNewsAgency