ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အာဏာသိမ်း စစ်အုပ်၏ ထုတ်ကုန်နှင့် ဆက်စပ်ထုတ်ကုန်များကို သယ်ယူရောင်းဝယ်ခြင်း မပြုလုပ်ရန် အသိပေး

ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အာဏာသိမ်း စစ်အုပ်၏ ထုတ်ကုန်နှင့် ဆက်စပ်ထုတ်ကုန်များကို သယ်ယူရောင်းဝယ်ခြင်း မပြုလုပ်ရန် အသိပေး
ဖေဖော်ဝါရီ 18, 2022 | အခြားဒေသများ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အာဏာသိမ်းစစ်တပ်၏ ထုတ်ကုန်များနှင့် ဒေါက်တိုင်များ၏ ထုတ်ကုန်ပစ္စည်းများ သယ်ယူရောင်းချခွင့်အား ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ စတင်ကာ ပိတ်ပင်လိုက်ကြောင်း သိရသည်။

တားမြစ်လိုက်သည့် ပစ္စည်းများမှာ Army Rum၊ Andaman Gold Blue၊ Andaman Gold Special၊ Black Shield Stout၊ Mandalay Beer၊ Myanmar Beer၊ Myanmar Premium Beer၊ Dagon Extra Strong Beer၊ Dagon Fresh Lemon Sparkling၊ Dagon Fresh Soda၊ Dagon Gin၊ Dagon Larger Beer၊ Dagon Malta Fresh၊ Dagon Rum၊ Dagon Single Malt Larger Beer၊ Dagon Super Larger Beer စသည့် အရက်၊ ဘီယာ၊ အချိုရည်များပါဝင်သည်။

ဒါ့အပြင် Red Ruby၊ Premium Gold ဆေးလိပ်၊ ရွှေဖီဦးတံဆိပ်လက်ဖက်ရည်နှင့် ကော်ဖီ၊ နန်းမြိုင်ကော်ဖီ၊ ငွေပင်လယ် ရေထွက်ကုန်များ၊ Sun Condensed နို့ဘူး၊ Royal Karaweik သကြား၊ Nay Pyi Taw သောက်ရေသန့်၊ Seven Sweetened condensed နိုဘူး၊ Speedအချိုရည်၊ 440 volt အချိုရည်တို့လည်း ပါဝင်သည်။

ပဒုမ္မာဆပ်ပြာ၊ ဂေါ်ဇီလာဆပ်ပြာ၊ ဂေါ်ဇီလာခြင်နိုင်ဆေး၊ ဂေါ်ဇီလာလက်သန့်ဆေး၊ Dentomecသွားတိုက်ဆေးနှင့် သွားတိုက်တံ၊ Dagonလက်သန့်ဆေး၊ Mytel ဆင်းမ်ကတ်၊ Mytel ငွေဖြည့်ကတ် စသည့်လူသုံးကုန်များ၊ ဆင်မင်းတံဆိပ်ဘိလပ်မြေ၊ ကြံ့တံဆိပ်ဘိလပ်မြေများအပြင် စစ်တပ်နှင့် ၎င်းဆက်နွယ်ကုမ္ပဏီများ၊ အမည်မည်းစာရင်းပါကုမ္ပဏီများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ပိတ်ပင်လိုက်သည်။

ကြေညာချက်ပါ တားမြစ်ထုတ်ကုန်များကို တင်သွင်း၊သယ်ယူ၊ရောင်းချသည်များအားတွေ့ရှိပါက သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများကတဆင့် ဥပဒေနှင့်အညီ

ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေး ကြေညာထားသည်။