ရေဦးမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ရေဦးမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ရေဦးမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Wolf Guerrilla LDF Ye.U Air Froce အဖွဲ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရေဦးမြို့အဝင် အရှေ့တောင်ဘက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ဗိုလ်ရုပ်ကဆိုး ဦးဆောင်သည့် Wolf Guerrilla LDF Ye.U Air Froce အဖွဲ့မှ ယနေ့ အောက်တိုဘာလ (၂၆)ရက်နေ့ မွန်းလွဲ (၁၂)နာရီတွင် လက်နက်ကြီး (၄)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနေထိုင်သည့် ဘန်ကာများအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ၊ စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို ဆက်လက်စုံစမ်းနေကြောင်း Wolf Guerrilla LDF Ye.U Air Froce အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုဆောင်ရွက်နေစဉ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Wolf Guerrilla LDF Ye.U Air Force (ပုံဟောင်း)