မြိုင်မြို့နယ်အတွင်း ကင်းပတ်လာသည့် ရဲ(၈)ဦးကို ပစ်ခတ်ရာ ရဲ(၁)ဦး သေသွားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မြိုင်မြို့နယ်အတွင်း ကင်းပတ်လာသည့် ရဲ(၈)ဦးကို ပစ်ခတ်ရာ ရဲ(၁)ဦး သေသွားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
စက်တင်ဘာ 15, 2022 | အခြားဒေသများ

မ‌ကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရေနံမြေရဲကင်းစခန်းမှ ကင်းပတ်လာသည့် ရဲ (၈)ဦးကို ပစ်ခတ်ခဲ့ရာ ရဲတစ်ဦးသေသွားကာ တစ်ဦးဒဏ်ရာရပြီး သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း MVRF က ယနေ့ ၂၀၂၂ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အဆိုပါ ရဲများကို ပခုက္ကူခရိုင်တပ်ရင်း အမှတ်( ၆ ) - MVRF နှင့် Eagle Fighter( MVRF အဖွဲ့ဝင်)တို့ ပူးပေါင်းပြီး စက်တင်ဘာလ (၁၄)ရက်နေ့က တိုက်ခိုက်ခဲ့ရာ အသက်ရှင်ကျန်သည့် ရဲများ စခန်းအတွင်းသို့ ပြန်လည်ထွက်‌ ပြေးသွားကြကြောင်း သိရသည်။

သေဆုံးရဲတပ်သားမှာ ရှင်းခန့်သူ၊ ကိုယ်ပိုင်အမှတ် လ ၂၇၉၀၂၃ ကိုင်ဆောင်သူဖြစ်ပြီး ၎င်းထံမှ G3 တစ်လက်၊ ကျည် (၁၁၅)တောင့်၊ ဘောက်အပို (၁)ခု ၊ ငွေသား (၁)သိန်းကျော် သိမ်းဆည်းရခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း MVRF ၏ ရဲဘော် (၁)ဦးမှာ  မစိုးရိမ်ရသည့် ဒဏ်ရာ  ရရှိခဲ့သည်ဟု သိရသည်။