ဝမ်းတွင်းမြို့နယ်တွင် သတင်းရဲတပ်ဖွဲ့ (SB)မှ ရဲအုပ်တစ်ဦး ပစ်ခတ် ခံရ

ဝမ်းတွင်းမြို့နယ်တွင် သတင်းရဲတပ်ဖွဲ့ (SB)မှ ရဲအုပ်တစ်ဦး ပစ်ခတ် ခံရ

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီတပ် လက်အောက်ခံ သတင်းရဲတပ်ဖွဲ့ (SB/Special Branch) မှ ရဲအုပ်တစ်ဦး ယနေ့  ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ ညနေပိုင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ဝမ်းတွင်း သတင်းရဲတပ်ဖွဲ့ (SB/Special Branch)မှ ရဲအုပ်သိန်းဇော်မိုးသည် မြို့လယ်ခေါင်ရှိ အမှတ်(၂) အုပ်ချုပ်ရေးမှူးရုံးနှင့် မီးပွိုင့်အနီးတွင် ခေါင်းကို ကျည်နှစ်ချက် ထိမှန်ကာ သေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။

၎င်းပစ်ခတ်မှုကို WTRF(Wundwin Township Revolution Force)အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ပြည်သူများအနေဖြင့်လည်း ဂရုပြုသွားလာကြရန် ထုတ်ပြန်ထားသည်။

တင်းရဲတပ်ဖွဲ့ (SB/Special Branch)သည်  နိုင်ငံရေးကိစ္စများနှင့်  နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ခြင်းအပါအဝင် စစ်အာဏာသိမ်းကာလအတွင်း ဆန့်ကျင်ဆန္ဒပြသူများကို စောင့်ကြည့်ခြင်း နှင့် လူမှုရေး စီးပွားရေး ဘက်စုံကိစ္စ အဝဝကို ထောက်လှမ်းစုံးစမ်းရသည့်အပြင် နိုင်ငံကူးလက်မှတ်(Passport)ထုတ်ပေးရေး စသည့် အထွေထွေကိစ္စရပ်များကိုလည်း ဆောင်ရွက်နေသော ရဲထောက်လှမ်းရေးအထူးတပ်ဖွဲ့ ဖြစ်ကြောင်း သိရသည်။