မြစ်ကြီးနား - ဆွမ်ဘရာဘွမ် - ပူတာအို ကားလမ်းတွင် အာဏာသိမ်းစစ်အုပ်စု၏ ထုတ်ကုန်များကို မသယ်ဆောင်ရန် နှင့် ညပိုင်းသွားလာခြင်း မပြုလုပ်ရန် KIO အစိုးရက သတိပေး

မြစ်ကြီးနား - ဆွမ်ဘရာဘွမ် - ပူတာအို ကားလမ်းတွင် အာဏာသိမ်းစစ်အုပ်စု၏ ထုတ်ကုန်များကို မသယ်ဆောင်ရန် နှင့် ညပိုင်းသွားလာခြင်း မပြုလုပ်ရန် KIO အစိုးရက သတိပေး
ဇန်နဝါရီ 30, 2022 | အခြားဒေသများ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း နှင့် မြစ်ကြီးနား - ဆွမ်ဘရာဘွမ် - ပူတာအို ကားလမ်းကို အမှီပြု၍ သွားလာကြသည့် ပြည်သူများ အာဏာသိမ်းစစ်အုပ်စု၏ ထုတ်ကုန်များကို သယ်ဆောင်လာခြင်း မပြုရန် နှင့် ညနေ(၅)နာရီမှ နံနက်(၆)နာရီအတွင်း သွားလာခြင်း မပြုရန် KIO အစိုးရက ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့ ရက်စွဲဖြင့် အသိပေးချက် ထုတ်ပြန်လာသည်။

စစ်ရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများ၏ ခွင့်ပြုချက်မရှိသည့်  လယ်ယာမြေ နှင့် ဥယျာဉ်ခြံမြေများတွင် ရွှေတူးဖော်ခြင်း လုံးဝ မပြုလုပ်ရကြောင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက် သယ်ဆောင် သုံးစွဲခြင်းများ မပြုလုပ်ရန်လည်း တားမြစ်ထားရှိသည်။

တားမြစ်ချက်များကို လေးစား လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာမည့် ပြဿနာများကို လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်း ကေအိုင်အိုအစိုးရ၏ ပူတာအိုခရိုင်အုပ်ချုပ်ရေးရုံးက သတိပေး ထုတ်ပြန်ထားခြင်း ဖြစ်သည်။