မွန်ပြည်နယ် ပူးပေါင်းမဟာမိတ်အဖွဲ့များနှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီတို့ တွေ့ဆုံ

မွန်ပြည်နယ် ပူးပေါင်းမဟာမိတ်အဖွဲ့များနှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီတို့ တွေ့ဆုံ

မွန်ပြည်နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် မွန်ပြည်ဖက်ဒရယ်‌ကောင်စီ အုပ်ချုပ်ရေးကော်မတီတို့ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒေါနစစ်ကြောင်း၊ MSRF၊ YGF၊ MSRO၊ YAF၊ YDFနှင့် အခြားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများနှင့် မွန်ပြည်ဖက်ဒရယ်‌ကောင်စီ အုပ်ချုပ်ရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် တော်လှန်ရေးအဖွဲ့အစည်းများဘက်မှ လိုအပ်နေသည့် ရိက္ခာ၊ တပ်ဖွဲ့ဝင်များ၏ မိသားစုကိစ္စများ၊ ရှေးဦးသူနာပြုသင်တန်း၊ ကျန်းမာရေးကိစ္စများနှင့် စစ်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပံ့ပိုးပေးသွားနိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု ဒေါနစစ်ကြောင်းက ဆိုသည်။

တွေ့ဆုံဆွေးနွေးမှုတွင် မဟာမိတ်အဖွဲ့အသီးသီးမှ တာဝန်ရှိသူများတက်‌ရောက်ခဲ့ကြပြီး MSFC အုပ်ချုပ်ရေးကော်မတီမှ ကာကွယ် ရေးဌာန၊ ကျန်းမာရေးဌာန၊ လူသားချင်းစာနာမှု/ကယ်ဆယ်ရေးဌာန၊ အမျိုးသမီး၊ လူငယ်၊ ကလေးသူငယ်နှင့် ဂျန်ဒါတန်းတူရေးဌာန၊ သတင်းပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဌာနတို့အပြင် ဥပဒေပြုရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

#TachileikNewsAgency

Photo:Dawna Column-တောင်ပိုင်းစစ်ဒေသ