ငလျင်ဒဏ်သင့်ပြည်သူများကို "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ငွေကျပ် သန်း (၂၀၀၀)လှူဒါန်းမည်ဟု သိရသည်။
ယနေ့ ၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက အင်အားပြင်း ငလျင်လှုပ်ခတ်ခြင်းကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တို့အပြင် ငလျင်ဒဏ်သင့် ဒေသများတွင် ထိခိုက်ပျက်စီးမှုများပြီး လူထိခိုက်သေဆုံးသူရှိနေသည်။
အဆိုပါဖြစ်ရပ်အပေါ် UWSA တပ်ဖွဲ့က ငလျင်ဘေးသင့်ဒေသရှိ ပြည်သူများအား ဝမ်းနည်းကြောင်း သဝဏ်လွှာနှင့်အတူ ငွေကျပ်သန်း (၂၀၀၀)ကူညီလှူဒါန်းမည်ဟု UWSA "ဝ"ပြည်နယ် ပြင်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ယနေ့ မတ်လ (၂၈)ရက်နေ့ ညပိုင်းတွင် ၄င်း၏ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် အသိပေးထားခြင်းဖြစ်သည်။
မည်သို့ လှူဒါန်းမည်ကိုမူ UWSA တာဝန်ရှိသူထံ Tachileik News Agency က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
News : https://www.tachileik.net/mm/news/39480
#TachileikNewsAgency
__________________________________________
Tachileik News Agency ၏ သတင်းလုပ်ငန်းများအတွက် တဖက်တလမ်းမှ ကူညီပံ့ပိုးနိုင်ပါသည်။
👉 https://buymeacoffee.com/tachileiknewsagency
ငလျင်ဒဏ်သင့်ပြည်သူများကို UWSA က သန်း ၂၀၀၀ လှူမည်
Featured News
ဧပြီ 1, 2025
ဧပြီ 1, 2025