မှော်ဘီမြို့နယ်အခြေစိုက် ရဲတပ်ရင်း ၅ မှ ရဲတပ်သားတစ်ဦး တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်

မှော်ဘီမြို့နယ်အခြေစိုက် ရဲတပ်ရင်း ၅ မှ ရဲတပ်သားတစ်ဦး တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်အခြေစိုက် ရဲတပ်ရင်း(၅)မှ ရဲတပ်သားတစ်ဦး ၂၀၂၄ခုနှစ် ဩဂုတ်လ(၁၈)ရက်နေ့တွင် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ရဲတပ်သား သီဟသည် တောင်သာမြို့နယ်တွင် တာဝန်ကျနေရာက တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ G-3 အမျိုးအစား တစ်လက်၊ ကျည် (၂၀၀)‌တောင့်၊ လက်ပစ်ဗုံး(၁)လုံးနှင့်အတူ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသဖြင့် ဂုဏ်ပြုငွေကျပ်သိန်း(၅၀)ကို ချီးမြင့်ထားကြောင်း သိရသည်။

ဩဂုတ်လ(၁၇)ရက်နေ့ကလည်း ဘီမြို့နယ်အခြေစိုက် ရဲတပ်ရင်း(၅)မှ ရဲတပ်သား မျိုးချစ်သူ ဆိုသူသည် တောင် သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ G-3 အမျိုးအစားတစ်လက်၊ ကျည်(၁၅၀)တောင့်၊ လက်ပစ်ဗုံး(၁) လုံးနှင့်အတူ ခိုလှုံလာသဖြင့် ဂုဏ်ပြုငွေသိန်း(၅၀)ကျပ် ကို ချီးမြင့်ခဲ့သည်။ 

၎င်းတို့သည် တောင်သာမြို့ကို လွန်ခဲ့တဲ့ (၃)လဝန်းကျင်ကတည်းက စစ်အင်အားဖြည့်ထားချိန် ရောက်ရှိလာကြသူများဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့