လူ့အခွင့်အရေးလှုပ်ရှားမှုကြောင့် သပိတ်အဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီဖမ်းဆီး

လူ့အခွင့်အရေးလှုပ်ရှားမှုကြောင့် သပိတ်အဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီဖမ်းဆီး

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုကြောင့် ရွှေပြည်သာသပိတ်ကော်မတီဝင်နှစ်ဦးကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးသွားသည်ဟု အဆိုပါ သပိတ်ကော်မတီထံမှ သိ ရသည်။

ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုကို ရွှေပြည်သာသပိတ်ကော်မတီနှင့် မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ(GYSC)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးနောက် ညပိုင်းတွင် ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ မိုတယ်တစ်ခု၌ ဝင်ရောက်နားခိုနေစဥ် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

လူ့အခွင့်အရေးနေ့ လှုပ်ရှားမှုတွင် ၂၀၀၈ ခြေဥစာအုပ်နှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်အလံတို့ကို မီးရှို့ခြင်းအပါအဝင် “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာသားကို ကိုင်ဆောင်၍ မြန်မာပြည်၏ ဆိတ်သုဥ်းနေသည့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသည့် ရွှေပြည်သာသပိတ်ကော်မတီ ရဲဘော်နှစ်ဦးကို ရွှေပြည်သာစစ်ကြောရေးတွင် စစ်ကြောနေပြီး စစ်ခုံရုံးတင်၍ မတရားသည့်ပုဒ်မ‌များဖြင့် တရားစွဲထောင်ချနိုင်ရေး စစ်ကောင်စီဘက်က စီစဥ်နေသည်ဟု ဆိုသည်။

စစ်အုပ်စုအနေဖြင့် လူထု၏လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် အပါအဝင် နိုင်ငံရေးလှုပ်ရှားမှုမှန်သမျှကို အပြင်းထန်ဆုံးဖိနှိပ်နေသည်ဟုလည်း ထုတ်ပြန်သည်။

#TachileikNewsAgency

Photo:Shwe Pyi Thar Strike Committeeရွှေပြည်သာ သပိတ်ကော်မတီ