ညောင်ပင်ကြီးရဲစခန်းမှ တာဝန်ကျရဲများ အချင်းချင်း မှားယွင်းပစ်ခတ်

ညောင်ပင်ကြီးရဲစခန်းမှ တာဝန်ကျရဲများ အချင်းချင်း မှားယွင်းပစ်ခတ်

 စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးစခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ယနေ့မတ်လ(၁၅)ရက်၊ ညနေပိုင်းက အချင်းချင်းမှားပစ်မိကာ ရဲနှစ်ဦးထိမှန်ကြောင်း ယင်းမာပင်သတင်းမှန်ပြန်ကြားရေးက ရေးသားထားသည်။

ညောင်ပင်ကြီးရဲစခန်းမှ တာဝန်ကျရဲများသည် ဝမ်ပေါင်ဆိုက်အနီးသို့ ညနေ(၅)နာရီဝန်းကျင်က သွားရောက်ပြီးအပြန်တွင် ဝမ်ပေါင်တာဝန်ကျရဲကင်းများနှင့် အချင်းချင်းမှားယွင်း ပစ်ခတ်မှုဖြစ်ပွား ခြင်းဖြစ်ကြောင်း သိရသည်။

အရပ်ဝတ်ဖြင့်ပြန်လာသဖြင့် ပြန်လာချိန် အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်ခြင်းဖြစ်ပြီး ဒဏ်ရာရရှိထားသည့် ရဲနှစ်ဦးကို ကူးတို့ ဆိပ်မှတဆင့် အရှေ့ဘက်ကမ်းသို့ သယ်ဆောင်သွားကြောင်း သိရသည်။