ခမောက်ကြီးမြို့နယ်အတွင်းရှိ ရဲစခန်းကုန်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်

ခမောက်ကြီးမြို့နယ်အတွင်းရှိ ရဲစခန်းကုန်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်အတွင်းရှိ ရဲစခန်းကုန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံမှ သိရသည်။

ခမောက်ကြီးမြို့နယ် မာရမ်းကျေးရွာရှိ ရဲစခန်းကုန်းအား ဇွန်လ (၂၂) ရက်နေ့ မနက် (၅) နာရီခန့်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ (၁) နာရီခန့် ကြာမြင့်ချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်နက်အင်အားမမျှသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ရဲတပ်သားတစ်ဦးသေဆုံးကာ ရဲတပ်ကြပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှ ဆိုသည်။

ဆက်လက်၍ ကော့သောင်းမြို့နယ်အတွင်း စစ်ရေးတင်းမာမှုများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီယာဉ်များနှင့် အနီးကပ်သွားလာခြင်း၊ စစ်ကောင်စီ အဆောက်အဦးများအနီး နေထိုင်ခြင်းများ မပြုလုပ်ကြရန် ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှ အသိပေးထားသည်။

#TachileikNewsAgency