ရေဖြူမြို့နယ် ဇာဒီကျေးရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်

ရေဖြူမြို့နယ် ဇာဒီကျေးရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဇာဒီကျေးရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF ထံမှ သိရသည်။

ရေဖြူမြို့နယ် ဇာဒီကျေးရွာ ဇာဒီအနောက်ကျောင်း ဘုန်းကြီးကျောင်းဝင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၅)ဦး သေဆုံးပြီး (၆)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

အဆိုပါ တိုက်ခိုက်မှုအား ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF ၊ TPLF Drone Team ၊ သာဂရစစ်ကြောင်း၊ Ba Htoo Army၊ ရေဖြူပကဖ နှင့် ဇင်ယော်တပ်စု (‌ရေဖြူ) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo: Tavoy People Liberation Force - TPLF