အင်အားပြင်းငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ လမ်းများ အက်ကွဲပျက်စီးသွားသည်ကို တွေ့ရသည်။
ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက ငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ (၆)လမ်းသွား လမ်းမကြီးမှာ အက်ကွဲရာကြီးများ ဖြစ်ပေါ်နေပြီး လူထိခိုက်သေဆုံးမှုများလည်းရှိသည်ဟု သိရသည်။
မန္တလေးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်ကြောင့် မန္တလေးနှင့် စစ်ကိုင်းနှင့် ရှမ်းတောင်တို့တွင် ထိခိုက်မှုအများဆုံးဖြစ်ခဲ့သည်။
#TachileikNewsAgency
Photo:Internet