ကရင်ပြည်နယ် မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းများမှ ထွက်ပြေးလာပြီး တရားမဝင်လမ်းက ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ ဝင်ရောက်လာသော အင်ဒိုနီးရှားနိုင်ငံသား (၃၂)ဦးကို ထိုင်းအာဏာပိုင်းများက ဖမ်းဆီးလိုက်သည်ဟု သိရသည်။
ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၉)ရက်နေ့ ည(၁၂)နာရီကျော်တွင် ၄င်းတို့ ထွက်ပြေးလာရာ မဲဆောက်မြို့နယ် ဝမ်းစကင်းကျေးရွာ၌ ကင်းလှည့်နေသည့် ထိုင်းစစ်တပ်ကတွေ့ရှိ၍ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။
ဖမ်းဆီးခံရသူများကို မဲဆောက်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူမည်ဟု သိရသည်။
BGF ထိန်းချုပ်နယ်မြေတွင် ကျားဖြန့်လုပ်ငန်းများ ကြီးစိုးနေပြီး ပြီးခဲ့သည့် ဇန်နဝါရီလ (၃)ရက်နေ့ကလည်း တရုတ် သရုပ်ဆောင်မင်းသားတစ်ဦး လူကုန်ကူးခံရပြီး ပြန်လည်ကယ်ထုတ်ခဲ့ရသည်။
ထို့နောက် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နယ် အပါအဝင် မြို့နယ်(၅)ခုကို ထိုင်းအစိုးရက လုံခြုံရေးတင်ကြပ်ထားပြီး ဂိတ်များဖွင့်ကာ အစစ်အဆေး တင်းကြပ်ထားသည်။
#TachileikNewsAgency
#TNA_MAT
Photo:The Reporters