စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ၂၀၂၅ ခုနှစ် မတ်လ (၂၅)ရက်နေ့က တိုက်ပွဲဖြစ်ပွားသည်ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ရွှေဘို-ရေဦးလမ်းရှိ ကျွန်းခြံအတွင်းနှင့် ဥသျှစ်ကန်သုဿန်သို့ ရောက်လာသော ပျူစောထီးများနှင့် စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ စစ်သုံးပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် ပန်းရံရွာ၊ ခွန်တောင်းကြီးရွာ၊ ဇီးကုန်းလေးရွာ၊ ဇီးဖြူကုန်းရွာတို့မှ ပျူစောထီးများနှင့်အတူ စစ်ကြောင်းထိုးလာခြင်းဖြစ်၍ ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့(PDO)မှ ဦးဆောင်ကာ ရွှေဘိုမြို့နယ် ပကဖ Federal Tech Shwebo-Drone တပ်ဖွဲ့၊ တိုက်နယ်-၅ (ပကဖ)အဖွဲ့ ၊တိုက်နယ်-၁ (ပကဖ)၊ တိုက်နယ်-၂ (ပက ဖ)တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
“ဒရုန်းဗုံးသီးများချခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများဖြင့် တိုက်ခိုက်ခဲ့ပြီး ဥသျှစ်ကန်သုဿန်အတွင်းမှ စခ များ ထွက်လာသောကြောင့် မြေပြင်ထိတွေ့တိုက်ပွဲဖြစ်ပွား၍ စခ ၅ ကောင် လမ်းပေါ်တွင် လဲကျသွားခဲ့သည်။”ဟု ရွှေ ဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားနေချိန် ရွှေဘိုမြို့ မေဂွန်ရွာပျူစောထီးများက ကားနှစ်စီးဖြင့် ကျွန်းခြံသို့စစ်ကူရောက်လာပြီး ရွှေဘိုမြို့ ခလရ(၄၂)၊ ရွှေဘိုမြို့ ကညနရုံး၊ ရွှေဘိုကန်တော်တို့ရှိ စစ်ကောင်စီတပ်များက (၁၂၂)မမ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟု သိရသည်။
#TachileikNewsAgency