တောင်သာမြို့နယ်တွင် အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲခြင်းကြောင့် အရပ်သားတစ်ဦးသေဆုံး 

တောင်သာမြို့နယ်တွင် အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲခြင်းကြောင့် အရပ်သားတစ်ဦးသေဆုံး 

မန္တလေးတိုင်း တောင်သာမြို့နယ် ရုံးစဉ်လေးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်သည် အင်ဂျင်တပ်လေထီးနှင့် ဗုံးကြဲချသဖြင့် အရပ်သားတစ်ဦးနှင့် နွားနှစ်ကောင် သေဆုံးသည်ဟု သိရသည်။ 

စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့ နံနက်(၄)နာရီတွင် လေကြောင်းမှ အင်ဂျင်တပ်ထားသော လေထီးပါ Paramotor သုံးစင်းဖြင့် ဗုံးကြဲချခြင်းဖြစ်သည်။ 

"နေအိမ်ပေါ်ကျလို့ ပြည်သူနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ သေဆုံးရတာပါ။ သေဆုံးသူ အသက် ၅၀ ကျော် အမျိုးသမီးပါဗျ။"ဟု တောင်သာမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ ကြဲချသော ဗုံးသီးမှာ ၁၂၀ မမ (၅)လုံးခန့် ဖြစ်နိုင်သည်ဟုလည်း ဆိုသည်။

#TachileikNewsAgency

#TNA_MAT

Photo: တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့