တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ(၅၆၁)တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦး မိမိကိုယ်ကို သေနတ်နှင့်ပစ်ကာ အဆုံးစီရင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ခမရ(၅၆၁)၏ ညောင်ပင်ကွင်းတံတားစစ်ဆေးရေးဂိတ်မှ တပ်သား စိုင်းကိုသည် ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၇)ရက်နေ့ နံနက် (၁)နာရီဝန်းကျင်က ကိုယ့်သေနတ်နှင့်ကိုယ် အဆုံးစီရင်သွားခြင်းဖြစ်သည်ဟု သိရသည်။
ခမရ(၅၆၁)တပ်ရင်းသည် တပ်တွင်းအရာရှိများမှ အောက်လက်အငယ်သားများအပေါ်ညှင်းပန်းနှိပ်စက်မှုများ ပိုဆိုးလာသည်ဟုလည်း ဒေသခံများကဆိုသည်။
ဖေဖော်ဝါရီလ(၂၂)ရက်နေ့ကလည်း ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ(၅၆၁)တပ်ရင်းလက်အောက်ခံ ညောင်ပင်ကွင်းတံတားစစ်ဆေးရေးဂိတ်မှ ပြည်သူ့စစ်တစ်ဦး လက်နက်အပြည့်စုံဖြင့် မြိတ်ခရိုင်တပ်ရင်း(၂)ထံ အလင်းဝင်လာသည်ဟုလည်း သိရသည်။
၎င်းတွင်ပါလာသည့် လက်နက်ခဲယမ်းများမှာ AK တစ်လက်၊ ကျည်ဘောက်(၂)ခုနှင့် ကျည် (၁၁၈)တောင့်တို့ ဖြစ်သည်။
#TachileikNewsAgency