ကျားဖြူတပ်ခွဲ (၁) တည်ထောင်ပြီး လပေါင်း(၂၄)လအတွင်း တိုက်ပွဲပေါင်း (၃၂)ကြိမ် ဆင်နွှဲခဲ့

ကျားဖြူတပ်ခွဲ (၁) တည်ထောင်ပြီး လပေါင်း(၂၄)လအတွင်း တိုက်ပွဲပေါင်း (၃၂)ကြိမ် ဆင်နွှဲခဲ့

ကျားဖြူစစ်ကြောင်း၏ ကျားဖြူတပ်ခွဲ (၁)တည်ထောင်ပြီး (၂)နှစ်ပြည့်အထိ လပေါင်း (၂၄)လအတွင်း တိုက်ပွဲပေါင်း(၃၂)ကြိမ် ဆင်နွှဲခဲ့ရာ ဒရုန်း နှင့် လက်နက်ကြီးတိုက်ပွဲပေါင်း (၇)ကြိမ်အသုံးပြုတိုက်ခိုက်နိုင်ခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ယနေ့ ၂၀၂၃ခု နှစ် ဇူလိုင်လ(၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ 

ကျားဖြူစစ်ကြောင်း(၁)သည် ဖလူးတိုက်ပွဲ၊ လေကေကော်တိုက်ပွဲ၊ ကော့ကရိတ်တိုက်ပွဲများ၊ တောင်ကြာအင်းတိုက်ပွဲ၊ ရေးမြို့တိုက်ပွဲများ အပါအဝင် တိုက်ပွဲပေါင်း (၃၂)ကြိမ်၊ ဒရုန်း၊  လက်နက်ကြီးတိုက်ပွဲပေါင်း (၇)ကြိမ်ဆင်နွှဲခဲ့ပြီး ကော့ကရိတ်မြို့ မိကသိမ်ကုန်းတိုက်ပွဲတွင် ရဟတ်ယာဥ်တစ်စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၃၀၀)ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပြီး ကျားဖြူတပ်ခွဲ (၁)မှ ရဲဘော်(၅)ဦးကျဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ကျားဖြူစစ်ကြောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ စစ်ဒေသခွဲ (၃)မှ ဖြစ်ပြီး  ဖလူး၊ လေးကေကော်၊ ကော့ကရိတ်၊ ရေးမြို့နယ်တို့တွင် စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ကာ KNU တပ်မဟာ(၆)တွင် နယ်မြေခံ KNLAတပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency