စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံကို စစ်ကောင်စီ ဗုံးကြချ

စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံကို စစ်ကောင်စီ ဗုံးကြချ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) သိမ်းပိုက်ထားသည့် စဉ့်ကူးမြို့ပေါ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့ နံနက်အစောပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည်ဟု သိရသည်။ 

 

စဉ့်ကူးမြို့နှင့်အနီးဝန်းကျင်သည် တိုက်ပွဲနှင့်အလှမ်းကွာသော နေရာဒေသတစ်ခုဖြစ်သော်လည်း စစ်ကောင်စီသည် အကြောင်းမဲ့ အများပြည်သူနှင့်သက်ဆိုင်သော မြို့နယ်ပြည်သူ့ဆေးရုံအား လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်သည်ဟု မန္တလေး PDF က ဆိုသည်။ 

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ပြည်သူ့ဆေးရုံများအား ဦးတည်တိုက်ခိုက်နေသည်ကိုတွေ့ရပြီး စစ်တပ်တစ်တပ်အနေဖြင့် ဂုဏ်သိက္ခာအကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီထောက်ခံသူများကလည်း ဆေးရုံကို ဗုံးကြဲဖျက်ဆီးလိုက်သည်ဟု ဝန်ခံရေးသားထားကြသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၂၈)ရက်နေ့နှင့် (၃၀)ရက်နေ့တို့ကလည်း စစ်ကောင်စီသည်  စစ်သုံ့ပန်းများ ထားရှိရာ အချုပ်ဆောင်အား လေကြောင်းတိုက်ခိုက်သဖြင့် စစ်သုံပန်း ဗိုလ်မှူးတစ်ဦး အပါအဝင် (၁၂)ဦး အပါ (၁၆)ဦး သေဆုံးကာ ဒဏ်ရာရရှိသူ (၆၀)ဦးကျော်ရှိခဲ့သည်။

#TachileikNewsAgency

#TNA_MAT

Photo:ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)