ကျပ်သိန်း(၂၀၀)ကျော်တန်ဖိုးရှိ တရားမဝင်သစ်များကို ကနီ PDF က ဖမ်းဆီးရမိ

Photo: Kani people's Defense Force - KPDF 1
Photo: Kani people's Defense Force - KPDF 1
ကျပ်သိန်း(၂၀၀)ကျော်တန်ဖိုးရှိ တရားမဝင်သစ်များကို ကနီ PDF က ဖမ်းဆီးရမိ
ဒီဇင်ဘာ 1, 2021 | အခြားဒေသများ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီ)၏ နယ်နိမိတ်အတွင်း ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း (၂၀၀)တန်ဖိုးရှိ တရားမဝင်သစ်များ သယ်ဆောင်လာမှုကို တွေ့ရှိ၍ နောက်ဆုံးသတိပေးနေသည့် ဖမ်းဆီးလိုက်ကြောင်း KPDF 1 က ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ကားကြီး(၄)စီးဖြင့် သစ်တန်ချိန်ပေါင်း (၃၀)ကျော်ကို သယ်ဆောင်လာသည့်အတွက် Kani people's Defense Force - KPDF 1 မှ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးအရေးယူလိုက်ခြင်းဖြစ်ပြီး နောက်တစ်ကြိမ် ယခုလို မပြုလုပ်ရန် ပထမနှင့်နောက်ဆုံးအကြိမ်အဖြစ် သတိပေးကာ သိမ်းဆည်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

တရားမဝင်သစ်များကို ယခုလို သယ်ယူနိုင်ရေးအတွက် နယ်မြေခံ စစ်တပ်နှင့်ရဲတပ်ဖွဲ့ အပါအဝင် သစ်တောဦးစီးဌာနတို့ကို ငွေကြေးများပေးဆောင်ကာ သယ်ဆောင်ရကြောင်း သိရသည်။