ဝမ်းတွင်းမြို့နယ်အတွင်း ကျေးရွာများအထိ အာဏာသိမ်းစစ်တပ်၏ သတင်းပေးဒလန်ဆိုသူများက ဈေးသည်များအဖြစ် ဟန်ဆောင်ကာ သွားလာနေ၍ WTRF က နောက်ဆုံး အကြိမ် သတိပေး

ဝမ်းတွင်းမြို့နယ်အတွင်း ကျေးရွာများအထိ အာဏာသိမ်းစစ်တပ်၏ သတင်းပေးဒလန်ဆိုသူများက ဈေးသည်များအဖြစ် ဟန်ဆောင်ကာ သွားလာနေ၍ WTRF က နောက်ဆုံး အကြိမ် သတိပေး
ဒီဇင်ဘာ 13, 2021 | အခြားဒေသများ

မန္တလေးဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း၌ အာဏာသိမ်းစစ်တပ်၏ သတင်းပေးဒလန်ဟု ဆိုသူများက ကျေးရွာများအထိ ဈေးရောင်း ဈေးသည်များအဖြစ် ဟန်ဆောင်ကာ သတင်းထောက်လှမ်းမှုများ လုပ်ဆောင်နေသည့်အတွက် ထပ်မံ၍ လုပ်ဆောင်ပါက သုတ်သင်ရှင်းလင်းမည်ဖြစ်ကြောင်း ဝမ်းတွင်းမြို့နယ်ဒေသခံပြည်သူ့ကွယ်ရေးအင်အားစု ( WTRF ) က ဒီဇင်ဘာလ(၁၃)ရက်နေ့ ရက်စွဲဖြင့် နောက်ဆုံးအကြိမ် သတိပေးထားသည်ကို တွေ့ရသည်။

ဝမ်းတွင်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များအပြင် ကျေးရွာများအထိ အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ရဲတပ်ဖွဲ့တို့၏ သတင်းပေးဒလန်ဟု ဆိုသူများက မိုးကာရောင်းသူ၊ ထီရောင်းသူ၊ ပူပူသယ် ရောင်းသူများအဖြစ် ဟန်ဆောင်ကာ လှည့်လည်သွားလာနေပြီး သတင်းထောက်လှမ်းခြင်း၊ ပြည်သူနှင့် CRPH၊ PDF များအကြား  သွေးထိုး လှုံ့ဆော်မှုများ လုပ်ဆောင်နေသည်များရှိနေ၍ လုပ်ရပ်များကို ရပ်တန့်ခြင်းမရှိပါက သုတ်သင်ရှင်းလင်းမည်ဟု အသိပေးထားခြင်း ဖြစ်ကြောင်း သိရသည်။



Wundwin Township Revolution Force ( WTRF )က ပြီးခဲ့သည့် ရက်က  ဝမ်းတွင်းမြို့နယ်အတွင်း ပျူစောထီးသင်တန်းဆင်း နှင့် ဗျူစောထီးသင်တန်းအတွက် ထောက်ပံ့သူ (၂)ဦးတို့ကိုလည်း ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ပြီးကြောင်းလည်း သိရသည်။ 

 

ဆက်စပ်သတင်း