ရွှေဘိုမြို့နယ် ဇီးကုန်းလေးရွာသို့ ရောက်ရှိနေသည့် ပန်းရံရွာမှ ပျူစောထီးများ ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခံရ

ရွှေဘိုမြို့နယ် ဇီးကုန်းလေးရွာသို့ ရောက်ရှိနေသည့် ပန်းရံရွာမှ ပျူစောထီးများ ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဇီးကုန်းလေးရွာသို့ ရောက်ရှိနေသည့် ပန်းရံရွာမှ ပျူစောထီးများအား ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ကြောင်း ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘိုမြို့နယ်) ထံမှ သိရသည်။

ရွှေဘိုမြို့နယ် ဇီးကုန်းလေးရွာသို့ ပန်းရံရွာမှ ပျူစောထီးအများအပြား ရောက်ရှိနေသည်ဟု သတင်းရရှိ၍ အောက်တိုဘာလ (၂၂) ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဇီးကုန်းလေးရွာရှိ စစ်ရေးပစ်မှတ်များအား Drone ဖြင့် (၆၀) မမ ဗုံးသီး (၈)လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် ဇီးကုန်းလေးရွာသို့ ရောက်ရှိနေသည့် ပျူစောထီးများ ပန်းရံကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ဆက်လက်၍ မြင်းချင်းကျေးရွာရှိ ပျူစောထီးများအား ဒရုန်းဖြင့် ဗုံးသီး (၈)လုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများကြောင့် ပျူစောထီးများ ထိခိုက်မှုရှိနိုင်ပြီး လက်နက်ငယ်များဖြင့် အဆက်မပြတ်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအား ရွှေဘိုမြို့နယ် ပကဖ ၏ ဦးဆောင်မှုဖြင့် တိုက်နယ် (၅) ပကဖ Fixed Wing's Droneအဖွဲ့ ၊ဂဠုန်ကြီး Fixed Wing's Droneအဖွဲ့ ၊NTG Fixed Wing's Droneအဖွဲ့ ၊အားမာန် Fixed Wing's Droneအဖွဲ့ ၊ICကျော်ကြီး Fixed Wing's Droneအဖွဲ့ နှင့် ဘီလူးညီနောင် Fixed Wing's Droneအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ရွှေဘိုမြို့နယ် (ပုံဟောင်း)