ကနီမြို့နယ်အတွင်း နံနက်အစောပိုင်း စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်

ကနီမြို့နယ်အတွင်း နံနက်အစောပိုင်း စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်
ဖေဖော်ဝါရီ 22, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချိုင်ကျေးရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်အင်အား(၁၀၀)ဝန်းကျင်ဖြင့် ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နံနက်ပိုင်းက ကျေးရွာများသို့ စစ်ကြောင်းထိုးလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးသူနှင့် ဒဏ်ရာရသူများရှိခဲ့ကြောင်း သိရသည်။

ယနေ့ နှစ်ခြောက်လုံးသပိတ်နေ့တွင် နံနက်(၆)နာရီဝန်းကျင်က စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်များကို KLG PDF မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ထို့နောက် နှစ်ဖက်တိုက်ပွဲဖြစ်ပြီး KLG PDF မှ ရဲဘော်တစ်ဦး မစိုးရိမ်ရသည့် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။