အင်းစိန်ထောင်တံခါးကို ဖောက်ခွဲရန် စီစဉ်ထားသော်လည်း လမ်းသွားလမ်းလာ ပြည်သူများ ထိခိုက်မှုရှိနိုင်၍ UG အဖွဲ့က အစီအစဉ် ဖျက်လိုက်ရ

အင်းစိန်ထောင်တံခါးကို ဖောက်ခွဲရန် စီစဉ်ထားသော်လည်း လမ်းသွားလမ်းလာ ပြည်သူများ ထိခိုက်မှုရှိနိုင်၍ UG အဖွဲ့က အစီအစဉ် ဖျက်လိုက်ရ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်ထောင်တံခါးဝကို ယနေ့မတ်လ(၂)ရက်၊ မနက်ပိုင်းက ဖောက်ခွဲမှု ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ပြည်သူများသွားလာနေသဖြင့် ပြန်လည်ရုတ်သိမ်းလိုက်ရကြောင်း From Zero To Hero မြို့ပြပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်လာသည်။

ဘုရင့်နောင်လမ်းမပေါ်၊ မင်းစေတီမှတ်တိုင်အနီးရှိ အင်းစိန်ထောင်တံခါးအဝကို ဗုံးခွဲတိုက်ခိုက်ရန်စီစဉ်ထားခဲ့သော်လည်း လမ်းသွားလမ်းလာ ပြည်သူများကို ငဲ့ညှာခြင်းအားဖြင့် မပြုလုပ်နိုင်ခဲ့သည့်အတွက် အကြမ်းဖက်စစ်ကောင်စီတပ်က လာရောက်သိမ်းဆည်း သွားကြောင်း သိရသည်။

တိုက်ခိုက်ရန်ထားရှိသော ပစ္စည်းများလည်း ဆုံးရှုံးနစ်နာခဲ့ရသည်။ ကျွန်ုပ်တို့၏ အဓိကပစ်မှတ်မှာ မတရားကို မှုထောက်ခံနေသော ထောင်ဝန်ထမ်းများနှင့် စကစတပ်များဖြစ်သည်။ မတရားမှုနှင့် အကျဉ်းကျ ဖမ်းဆီးနှိပ်စက်ခံရသော တော်လှန်ရေး ရဲဘော်များအတွက် လက်စား ချေတုံ့ပြန်ခဲ့သော်လည်း အထမမြောက်ခဲ့ပါ။

ဟု ထုတ်ပြန်ထားသည်။

အများပြည်သူများ အနေဖြင့် စစ်ကောင်စီနှင့် ဆက်နွှယ်သော မည်သည့်နေရာတွင်မဆို အနီးမကပ်ကြရန်၊ ပေါက်ကွဲသံများကြားသည်နှင့် စူးစမ်းမှုမပြုလုပ်ရန် From Zero To Hero က မေတ္တာ ရပ်ခံထားသည်။

#TachileikNewsAgency