ပေါက်တောမြို့နယ် အနောက်ရဲ IDP Camp မှ  ပြည်သူများအား ULA/AA မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

ပေါက်တောမြို့နယ် အနောက်ရဲ IDP Camp မှ  ပြည်သူများအား ULA/AA မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အနောက်ရဲ IDP Camp မှ ပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပေါက်တောမြို့နယ် အနောက်ရဲ IDP Camp ၌ ၂၀၁၂ ခုနှစ်ကတည်းက နေထိုင်လျှက်ရှိသည့် ပြည်သူများအား ULA/AA မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် စားနပ်ရိက္ခာများ ထောက်ပံပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

HDCO က ထောက်ပံ့ပေးအပ်ရာတွင် IDP Campတွင် စားနပ်ရိက္ခာအထောက်အပံ့ရရှိရန် အဓိက လိုအပ်နေသည့် အိမ်ထောင်စု (၁၄၀)စုကို  ရွေးချယ်ပြီး ကနဦးထောက်ပံ့မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

IDP Camp မှ ပြည်သူများ၏ စားနပ်ရိက္ခာနှင့် အခြေခံကျန်းမာရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်းများနှင့်သော်လည်းကောင်း၊ လူပုဂ္ဂိုလ် တစ်ဦးတယောက်ချင်းစီနှင့်သော်လည်းကောင်း ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း HDCO က အသိပေးထားသည်။

မြန်မာပြည်အနှံ့တွင် စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူ (၃)သန်း နီးပါး ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနိူင်းရေးရုံး - UNOCHA Myanmar ၏ ၂၀၂၄ ခုနှစ် မတ်လ (၁၉)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

#TachileikNewsAgency

#TNA_LE

Photo: HDCO