စစ်ကိုင်းမြို့နယ် အုန်းတောရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းမြို့နယ် အုန်းတောရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အုန်းတောရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မေလအတွင်း လေးကြိမ်မြောက်အဖြစ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း Phoenix Sagaing အဖွဲ့မှ ၂၀၂၄ ခုနှစ် မေလ (၁၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အုန်းတောရွာအတွင်း အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား မေလ (၁၅) ရက်နေ့တွင် Fix Wing Droneဖြင့် ဗုံးသီး (၆) လုံးချကာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်ကြောင်း Phoenix Sagaing အဖွဲ့မှ သတင်းထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုသည် မေလအတွင်း လေးကြိမ်မြောက် ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ်ပြီး အုန်းတောရွာအတွင်းရှိ စစ်ကောင်စီအထိုင်ချတပ်စွဲနေသည့်နေရာများအား လဝက်အတွင်း စုစုပေါင်း ဗုံးသီး (၁၆)လုံးခန့် ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မေလ (၁၅) ရက်နေ့ တိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ခြင်းမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

တိုက်ခိုက်မှုကို Phoenix–Sagaing၊ စစ်ကိုင်းမြို့နယ် ပ.က.ဖ ဒရုန်းတပ်ဖွဲ့ ၊ Unicorn Guerrilla Force၊ Royal Falcon Guerrilla Force၊ ‌ကြောင်လက်သည်း(ဝက်လက်)၊ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်းနှင့် နယ်မြေခံ ပကဖများ စုပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency