စစ်ကိုင်းမြို့နယ်တွင် ပျူစောထီးများအား PDF တပ်များက ပစ်ခတ်ရာ ပျူစောထီးတစ်ဦး သေဆုံးပြီး လက်နက်တစ်လက်ရ

စစ်ကိုင်းမြို့နယ်တွင် ပျူစောထီးများအား PDF တပ်များက ပစ်ခတ်ရာ ပျူစောထီးတစ်ဦး သေဆုံးပြီး လက်နက်တစ်လက်ရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာမှ ထွက်လာသော ပျူစောထီးများကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးတစ်ဦးသေပြီး G3 သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း Royal Falcon Guerrilla Forceထံမှ သိရသည်။

သေဆုံးသူမှာ ပျူစောထီး ဇော်ဦး ဆိုသူဖြစ်ပြီး ၎င်းကိုင်ဆောင်သော G-3 အမျိုးအစား လက်နက်တစ်လက်၊ ကျည်ဘောက်(၂)ခုနှင့် ကျည်(၁၇)တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိသည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို PHOENIX (SGG)၊ စစ်ကိုင်းမြို့နယ် ပ.က.ဖ၊ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ Young People Defence Force၊ Fight For Federal၊ Royal Falcon Guerrilla Force စစ်ကိုင်းခရိုင် တပ်ရင်း(၇)နှင့် တော်လှန်ရေးအင်အားစုများက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency