အာဏာသိမ်းစစ်ကောင်စီနှင့် စေ့စပ်ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းသူ မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းကို မဆို ပြတ်ပြတ်သားသားဆန့်ကျင်ရှုတ်ချကြောင်း အဖွဲ့အစည်း(၁၁)ခုထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီနှင့် စေ့စပ်ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းသူ မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းကို မဆို ပြတ်ပြတ်သားသားဆန့်ကျင်ရှုတ်ချကြောင်း အဖွဲ့အစည်း(၁၁)ခုထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီနှင့် စေ့စပ်ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းသူ မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းကို မဆို ပြတ်ပြတ်သားသားဆန့်ကျင်ရှုတ်ချကြောင်း ဧရာဝတီတိုင်းအတွင်းရှိ အဖွဲ့အစည်း(၁၁)ခု က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

စစ်(၃)စစ်အား အစေ့စပ်စတမ်း အမြစ်ဖြတ်တော်လှန်ပြီး စစ်(၃)စစ်ဆန့်ကျင်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် လက်တွဲတိုက်ပွဲဝင်သွားကြရန်လိုအပ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် ဘုံရန်သူကိုဆန့်ကျင်သည့် မည်သူကိုမဆို မိတ်ဆွေအဖြစ်သဘောထားရမည်ဖြစ်ပြီး တော် လှန်ရေးအဖွဲ့အစည်းအချင်းချင်းတိုက်ခိုက်ရန်လိုသည့် အပြုအမူအားလုံးကို ခြေမှုန်းတိုက်ဖျက်သွားရမည်ဟုလည်း ထုတ်ပြန်ထားသည်။

ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲပြီး စစ်(၃)စစ် အမြစ်ဖြတ်ရေးအတွက် တူတာ တွဲလုပ်၊ မတူတာခွဲလုပ် ဟူသောအခြေခံအပေါ်တွင် တပ်ပေါင်းစုဖွဲ့စည်းရေးကို ကြိုးပမ်းဆောင်ရွက် သွားကြရန်လည်း တိုက်တွန်းထားသည်။

ပူးတွဲထုတ်ပြန်သည့်အဖွဲ့များမှာ Ayeyarwaddy Federal School Students Union၊ Ayeyarwaddy Youths' Union (AYU)၊ Power Of Education Students Union၊ Political Prisoners Network (Myanmar)၊ UCY Foundation၊ Youths' Force in Ayeyarwaddy Region (YFAR)၊ ကြယ်နီတပ်ဦး၊ တိုးတက်သောလူငယ်အစည်းအရုံး (ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ)၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂ၊ ဧရာဝတီတော်လှန်တပ်ဦး နှင့် ဧရာဝတီတိုင်းလယ်သမားအင်အားစုများ ဖြစ်ကြကြောင်း သိရသည်။