ရေစကြိုမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရန် လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခံရ

ရေစကြိုမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရန် လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခံရ

မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရန် လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အနီးကပ် ခြုံခိုပစ်ခတ်တိုက်ခိုက်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) မှ ယနေ့  ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရေစကြိုမြို့နယ် အမှတ် (၇) ၅၀၀ ပြည့် ရပ်ကွက်တွင် သန်းခေါင်စာရင်းကောက်ယူရန် လုပ်ဆောင်နေသည့် အင်အား (၅၀)ခန့်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နိုဝင်ဘာလ (၁၀)ရက်နေ့ နေ့လယ်(၁၁)နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အနီးကပ် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု (၁၅)မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး ဗိုက်ပွင့်ထွက် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ၊ (၅)ဦး ထိမှန် ဒဏ်ရာရရှိသည်ဟု သိရှိရကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)က ဆိုသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency