အောင်ပန်းမြို့ထီးတင်ပွဲသို့ မိုင်းဖုန်းဆရာတော် ကြွရောက်ရန်အတွက် တာချီလိတ်လေဆိပ်မှ စတင် ကြွချီထွက်ခွာ

အောင်ပန်းမြို့ထီးတင်ပွဲသို့ မိုင်းဖုန်းဆရာတော် ကြွရောက်ရန်အတွက် တာချီလိတ်လေဆိပ်မှ စတင် ကြွချီထွက်ခွာ
ဧပွီ 6, 2019
By Tachileik News Agency


ဆက်လက်၍ ဧပြီလ(၇)ရက်နေ့တွင် မိုင်းဖုန်းဆရာတော်သည် အောင်ပန်းမြို့တွင် ကမ္ဘာဇဘဏ်မိသားစုမှ တည်းထားပြီးစီးသည့် စေတီတော်၏ ထီးတော်တင်လှူပွဲသို့ ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။

 မိုင်းဖုန်းဆရာတော်၏ ခရီးစဉ် အစီအစဉ်အရ ဧပြီလ(၈)ရက်နေ့တွင် ရန်ကုန်၊ ဧပြီလ(၉)ရက်နေ့တွင် နေပြည်တော်သို့ ကြွရောက်မည်ဖြစ်ပြီး ဧပြီလ(၁၀)ရက်နေ့တွင် တာချီလိတ်သို့ ပြန်လည်ကြွလာတော်မူမည်ဖြစ်ကြောင်း နှင့် ခရီးစဉ်အစီအစဉ် အပြောင်းအလဲရှိနိုင်ကြောင်းလည်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မိုင်းဖုန်းဆရာတော်သည် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် ကျင်းပပြုလုပ်မည့် ထီးတော်တင်မင်္ဂလာ အခမ်းအနားသို့ တာချီလိတ်လေဆိပ်မှတဆင့် ၂၀၁၉ခုနှစ် ဧပြီလ(၆)ရက်နေ့ နေ့လည်(၁၂း၅၅)နာရီအချိန်က တပည့်ဒါယိကာများဖြင့် ကြွရောက်သွားကြောင်း သိရသည်။

သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ဆရာတော်(၂)ပါး၊ တပည့်ဒါယိကာ (၂၇)ဦးဖြင့် တာချီလိတ်လေဆိပ်မှတဆင့် ဟဲဟိုးလေဆိပ်သို့ ကြွရောက်တော်မူခြင်းဖြစ်ပြီး ဆက်လက်၍ ဟဲဟိုးမှ တဆင့် ညောင်ရွှေရှေးဟောင်းစေတီသို့လည်း ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဧပြီလ(၇)ရက်နေ့တွင် မိုင်းဖုန်းဆရာတော်သည် အောင်ပန်းမြို့တွင် ကမာ္ဘဇဘဏ်မိသားစုမှ တည်းထားပြီးစီးသည့် စေတီတော်၏ ထီးတော်တင်လှူပွဲသို့ ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။

 မိုင်းဖုန်းဆရာတော်၏ ခရီးစဉ် အစီအစဉ်အရ ဧပြီလ(၈)ရက်နေ့တွင် ရန်ကုန်၊ ဧပြီလ(၉)ရက်နေ့တွင် နပြေည်တော်သို့ ကြွရောက်မည်ဖြစ်ပြီး ဧပြီလ(၁၀)ရက်နေ့တွင် တာချီလိတ်သို့ ပြန်လည်ကြွလာတော်မူမည်ဖြစ်ကြောင်း နှင့် ခရီးစဉ်အစီအစဉ် အပြောင်းအလဲရှိနိုင်ကြောင်းလည်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net