ချင်းပြည်နယ် တီးတိန်မြို့မှ စစ်ကောင်စီလက်အောက်ခံ စစ်သား (၂)ဦးနှင့် ရဲ (၂)ဦး လက်နက်ခဲယမ်းတချို့ ယူဆောင်လာပြီး အလင်းဝင်ရောက်ကြောင်း CDF Civic Defense Militia – CDM Siyin အဖွဲ့ထံမှ သိရသည်။
တီးတိန်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီလက်အောက်ခံ စစ်သား (၂)ဦးနှင့် ရဲ (၂)ဦး စုစုပေါင်း (၄)ဦးသည် ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် CDF CDM Siyin အဖွဲ့ထံ သေနတ်တစ်လက်နှင့် ခဲယမ်းတချို့ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက်မှ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားအား ငွေကျပ် သိန်း (၁၀၀) ဆုချီးမြှင့်သွားမည်ဟု CDF CDM-Siyin အဖွဲ့က ဆိုသည်။
တီးတိန်မြို့နယ်အတွင်း အလင်းဝင်ရောက်လိုသည့် စစ်ကောင်စီ တပ်သားများအနေဖြင့် CDF Civic Defense Militia-CDM–Siyin ထံသို့ ဆက်သွယ်နိုင်ပြီး မြို့အတွင်းတွင် ဖြစ်စေ ၊ မည်သည့်နေရာတွင် ဖြစ်စေ လာရောက်ကြိုဆိုပေးမည်ဖြစ်ကာ သွားလိုသည့်နေရာ ၊ လုပ်လိုသည့်အလုပ်အကိုင်ကိုလည်း စိတ်တိုင်းကျ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
#TachileikNewsAgency
Photo: CDF Civic Defense Militia -CDM -Siyin