ကံထူးမရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်

ကံထူးမရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ကံထူးမရွာရဲစခန်းအား ‌ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၄)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ရဲတပ်ရင်း (၁၆)၊ ခမရ (၃၆၁)နှင့် ပျူစောထီးများ အခြေပြုရာ ကံထူးမရွာ ရဲစခန်းအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှ စတင်၍ အမှတ် (၁)စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် (၁)ကွပ်ကဲရေးအစီအစဥ်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရွှေဘိုခရိုင် တပ်ရင်း (၃၊ ၆၊ ၁၂)၊ ဗျုဟာ (၅၂)မှ ရွှေဘိုခရိုင်တပ်ရင်း (၇၊ ၈၊ ၁၆)နှင့် စစ်ကိုင်းခရိုင်တပ်ရင်း(၃)တို့ပူးပေါင်း၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ တိုက်လေယာဉ်၊ Y-12၊ Mi-35 တို့ဖြင့် လေကြောင်းတိုက်ခိုက်မှု (၂၃)ကြိမ်နှင့်မနည်း တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီလ (၂၂)ရက်နှင့် (၂၃)ရက်နေ့တို့တွင်လည်း ကံထူးမရွာ ရဲစခန်းမြောက်ဘက်တွင် ခမရ (၁၁၊ ၇၀၈)၊ ပျုစောထီး ပူးပေါင်းအင်အားများနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့နောက် ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်အားလုံး စခန်းစွန့်ခွာထွက်ပြေးသွားသည့်အတွက် ကံထူးမရဲစခန်းအား အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး G-3 (၅)လက်၊ နာနတ်သီးဗုံး (၄)လုံး၊ MA-15 ကျည် (၁၆၃၅)တောင့်၊ ကျည်အိမ် (၁၂)ခု၊ ကျပ်ငွေ (၃၈)သိန်းနှင့် မော်တော်ယာဉ်များကို သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။ 

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၁၈)ဦး သေဆုံး၊ (၃၂)ဦး ထိခိုက်ဒဏ်ရာရကာ PDF ရဲဘော် (၂)ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ ကံထူးမရွာရဲစခန်းကို စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် သင်္ဃန်းဝတ် ဝါသဝ ဦးဆောင်တပ်များက ကျေးရွာများအတွင်း ဝင်ရောက် စစ်ကြောင်းထိုးကာ အရပ်သား(၁၁)ဦးကို သတ်ဖြတ်ခဲ့သည်။

#TachileikNewsAgency

Photo : Ministry of Defence - National Unity Government of Myanmar