KNU နယ်မြေကို နယ်ကျော်တိုက်ခိုက်သည့် အာဏာသိမ်းတပ်နှင့် BGF တို့ ယမန်နေ့တိုက်ပွဲအတွင်း (၁၈)ဦးသေပြီး (၈)ဦး အရှင်ဖမ်းမိ  

Photo - စစ်မြေပြင်သတင်းနှင့်ပြန်ကြားရေး(တောင်ပိုင်းတိုင်း)
Photo - စစ်မြေပြင်သတင်းနှင့်ပြန်ကြားရေး(တောင်ပိုင်းတိုင်း)
KNU နယ်မြေကို နယ်ကျော်တိုက်ခိုက်သည့် အာဏာသိမ်းတပ်နှင့် BGF တို့ ယမန်နေ့တိုက်ပွဲအတွင်း (၁၈)ဦးသေပြီး (၈)ဦး အရှင်ဖမ်းမိ  
ဒီဇင်ဘာ 17, 2021 | အခြားဒေသများ

ကရင်ပြည်နယ်တွင်း KNU နယ်မြေကို အာဏာသိမ်းစစ်တပ်က နယ်ကျော်တိုက်ခိုက်လာသည့် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ယမန်နေ့ ဒီဇင်ဘာလ (၁၆)ရက်နေ့က တိုက်ပွဲများ၌ အာဏာသိမ်းစစ်တပ်ဘက်မှ (၁၈)ဦးသေကာ (၈)ဦး ဖမ်းမိသည်ဟု တောင်ပိုင်းတိုင်း စစ်မြေပြင်သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်သည်။

လေးကေ့ကော်၊ မဲထော်သလေး၊ ပရိကလော်တို့တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့က အာဏာသိမ်းစစ်တပ်နှင့် BGF တို့၏ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)တို့ ပူးပေါင်းတပ်ဖွဲ့ဖြင့် ခုခံတိုက်ခိုက်ရာ အာဏာသိမ်းတပ်ဘက်မှ (၁၈)ဦးသေ၊ အာဏာသိမ်းတပ်သား (၆)ဦးနှင့် BGF(၂)ဦးတို့ကို အရှင်ဖမ်းမိထားကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိထားသည်ဟု သိရသည်။