ခမရ(၅၈၉)တပ်ရင်းမှ အရာရှိ နှင့်တပ်သား (၂၀)ဝန်းကျင် ထွက်ပြေးသွား၍ စစ်ကောင်စီတပ်က အဖွဲ့(၃)ဖွဲ့ခွဲကာ လိုက်လံရှာဖွေနေ

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ အမှတ်တံဆိပ်
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ အမှတ်တံဆိပ်
ခမရ(၅၈၉)တပ်ရင်းမှ အရာရှိ နှင့်တပ်သား (၂၀)ဝန်းကျင် ထွက်ပြေးသွား၍ စစ်ကောင်စီတပ်က အဖွဲ့(၃)ဖွဲ့ခွဲကာ လိုက်လံရှာဖွေနေ
ဖေဖော်ဝါရီ 15, 2022 | အခြားဒေသများ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း ဒုံစရစ် အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ်(၅၈၉)ခြေမြန်တပ်ရင်းမှ အရာရှိနှင့် တပ်သား(၂၀)ဝန်းကျင် ထွက်ပြေးသဖြင့် အကြမ်းဖက်စစ်တပ်က လိုက်လံရှာဖွေနေကြောင်း ဒေသခံများက Tachileik News Agency ကို ပြောသည်။

၎င်းစစ်သားများသည် ဖေဖော်ဝါရီလ(၁၄)ရက်နေ့က ထွက်ပြေးသွားခြင်းဖြစ်ပြီး ထွက်‌ပြေးသွားသူများတွင် အရာရှိစစ်သည်တချို့ ပါဝင် နေသဖြင့် အကြမ်းဖက်စစ်တပ်က အဖွဲ့(၃)ဖွဲ့ခွဲကာ ယနေ့ဖေဖော်ဝါရီလ(၁၅)ရက်နေ့အထိ လိုက်လံရှာဖွေနေကြောင်း သိရသည်။

"စစ်တပ်က ရွာထဲကို ဝင်ရှာပြီး ဒေသခံတွေကို ရိုက်နှက်တာတွေ လုပ်တယ်။ ပြီးတော့မေးတယ်။ အခုထိတော့ မတွေ့သေးဘူး။"ဟု ဒေသ ခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်တပ်က (၃)ရင်းနေရာခွဲပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၁)နှင့် (၃)နယ်မြေအနီးတွင် လိုက်လံရှာဖွေနေသော်လည်း ကျူးကျော်ဝင်ရောက်လာခြင်းမရှိ သေးကြောင်း သိရသည်။

ယင်းဒေသသည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နယ်မြေဖြစ်ပြီး မည်သည့်အတွက်ကြောင့် ထွက်ပြေးသည်ကို မသိရသေးပေ။

#TachileikNewsAgency