ဦးတေဇပိုင် ထူးဂရု၏ ကြည့်မြင်တိုင်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်ကို S T A B က  ဖေါက်ခွဲ 

ဦးတေဇပိုင် ထူးဂရု၏ ကြည့်မြင်တိုင်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်ကို S T A B က  ဖေါက်ခွဲ 
ဇန်နဝါရီ 16, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ အလုံမြိုနယ်၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ ထော်လီကွေ့မှတ်တိုင် အနီးရှိ အာဏာသိမ်း စစ်ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်သော ဦးတေဇပိုင် Htoo Group Of Companies မှ  စက်သုံးဆီအရောင်းဆိုင်ကို ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်က ဗုံးဖေါက်ခွဲ၊ မီးရှို့ခံလိုက်ရကြောင်း သိရသည်။

အဆိုပါ ဖေါက်ခွဲမှုနှင့်ပတ်သက်၍ "If We Burn, You Burn With US"ဟူသောခေါင်းစဉ်ဖြင့် Special Task Agency of Burma က ၎င်းတို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပြီး အနီးဝန်းကျင်ရှိ ပြည်သူများကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးအတွက် အချိန်ယူပြင်ဆင်လုပ်ဆောင်ခဲ့ကြောင်း ဖေါ်ပြထားသည်။

 

ဗုံးနှစ်လုံးဖြင့်ဖေါက်ခွဲ၍၊ ဓါတ်ဆီလောင်းမီးရှို့ခဲ့မှုကြောင့် ဆီဆိုင်တစ်ခုလုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

တိုင်းပြည်အချုပ်အခြာအာဏာကို ပြည်သူတို့လက်ထဲ ပြန်လည်အပ်နှံသည်အထိ Special Task Agency of Burma အနေဖြင့် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: MFSD