စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ခတက္ကန်ရွာ အရှေ့ဘက်ရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်း (ဗောဓိတစ်ထောင်)စခန်းအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့ နံနက်ပိုင်းက သိမ်းပိုက်လိုက်သည်ဟု တော်လှန်ရေးတပ်များထံမှ သိရသည်။
စခန်းအတွင်း တပ်စွဲထားသည့် ရဲအင်အား (၁၇)ဦးအား ဝင်တိုက်ရာ (၁၁)ဦးသေဆုံးပြီး G-3 (၅)လက်၊ Uzi (၃)လက်၊ M-79 (၂)လက်၊ G-3 ကျည် (၂၅၇၀)တောင့်၊ 9mm ကျည် (၂၁၂၈)တောင့်၊ ၄၀ မမ ဗုံးသီး (၁၀)လုံး၊ ရှေ့ထွက်မိုင်း (၂)လုံး၊ ကျည်အိမ် (၆)ခု၊ TV (၁)လုံး သိမ်းဆည်းရမိသည်ဟု သိရသည်။
တိုက်ပွဲအတွင်း နမခမှ Paramotor (၂) စီး၊ တံတားဦးလေတပ်မှ Mi-35 (၁)စီးဖြင့် လေကြောင်းပစ်ကူပေးခဲ့ပြီး အမတ-၅၀၈ မှ ၁၀၅ မမ၊ ၁၂၀ မမ တို့ဖြင့် (၁၄) ကြိမ်ခန့် ပစ်ကူပေးခဲ့သည်ဟု သိရသည်။
တိုက်ခိုက်မှုကို မုံရွာခရိုင် ကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုဖြင့် မုံရွာခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇)၊ ချောင်းဦးမြို့နယ်အခြေပြုစုဖွဲ့မှုစစ်ကြောင်း၊ စစ်ကိုင်းခရိုင် တပ်ရင်း-၂ ဒရုန်းတပ်ဖွဲ့ (GTR)၊ မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (Danger Force LPDF)၊ မုံရွာခရိုင် ပကဖ ဒရုန်းအဖွဲ့၊ မုံရွာမြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ဒရုန်းအဖွဲ့၊ BLDF ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
#TachileikNewsAgency
Photo:အမှတ်(၁) စစ်ဒေသ