စစ်ကိုင်း-မုံရွာ သံလမ်းဆုံ၌ ခရီးသွားပြည်သူများအား ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်း-မုံရွာ သံလမ်းဆုံ၌ ခရီးသွားပြည်သူများအား ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက်လမ်း(စစ်ကိုင်း-မုံရွာ သံလမ်းဆုံ)၌ လမ်းသွားလမ်းလာ ခရီးသွားပြည်သူများအား ဖမ်းဆီးခြင်းနှင့် ငွေတောင်းခြင်းများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ကြောင်း သိရသည်။

စစ်ကိုင်း-မုံရွာ သံလမ်းဆုံ၌ ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၄ခုနှစ် မေလ (၂၆) ရက်နေ့ နံနက် (၁၀) နာရီကျော်တွင် မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ဒရုန်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ရာ စစ်ကားတစ်စီး မိုင်းထိမှန်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး ဒဏ်ရာရရှိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စစ်ကိုင်းမြို့တွင်းမှ လူနာတင်ယာဉ်များဖြင့် သယ်ဆောင်သွားခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား စစ်ကိုင်းမြို့နယ် ဇုန်(၄) ပကဖ တာဝန်ခံ ကိုဂျိုး ဦးဆောင်သည့်အဖွဲ့နှင့် ပြင်ဦးလွင်ခရိုင် ရတနာပုံ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency