မကွေးတိုင်း၊ ပခုက္ကူစက်မှုဇုန်မြို့ (၆)လမ်းထိပ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုကို ဒေသကာကွယ်ရေးတပ်များက ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၈)ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဂိတ်စခန်း အနီးပတ်ဝန်းကျင်ကို ဒေသကာကွယ်ရေးတပ်များက သွားရောက်ကာ ဂိတ်အနီးဝန်းကျင်တွင် လုံခြုံရေးစောင့်နေသော စစ်ကောင်စီတပ်သား (၂)ဦးအား မီတာ(၅၀)အကွာဝန်းကျင်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဂိတ်စောင့် စစ်ကောင်စီတပ်သားများကို Southern YSO PDF၊ ဒေါင်းစစ်သည်၊ ဒေါင်းညီနောင်၊ Yesagyo Revolution Force(YRG)တို့က ပြောက်ကျားနည်းဖြင့် အလစ်အငိုက် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
#TachileikNewsAgency