မကွေးတိုင်း ပခုက္ကူလေဆိပ်ရှိ စစ်ကောင်စီအထိုင်စခန်းအား Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) Shwe Nyar Myae PDF အဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ပခုက္ကူလေဆိပ်ရှိ စစ်ကောင်စီအထိုင်စခန်းအား Shwe Nyar Myae PDFနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလအတွင်း Rocket အလုံးရေ (၃၀)ကျော်ဖြင့် (၂)ကြိမ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်သည်။
PDF ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ပခုက္ကူလေဆိပ်ရှိ စစ်ကောင်စီအထိုင်စခန်းကို Rocket အလုံး (၃၀)ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီစခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး (၅)လုံး အပါအဝင် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု Shwe Nyar Myae PDF အဖွဲ့က ဆိုသည်။
ထို့အပြင် နိုဝင်ဘာလ (၂၃)ရက်နေ့တွင်လည်း ပခုက္ကူလေဆိပ် စစ်ကောင်စီစခန်းအား PDF ပူးပေါင်းတပ်ဖွဲ့မှ Rocket (၇)လုံးဖြင့် ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။
PDFတပ်ဖွဲ့များ၏ ပစ်တ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိသည်ဟု ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။
#TachileikNewsAgency
Photo: Shwe Nyar Myae PDF