ဝမ်းတွင်းမြို့တွင် အာဏာသိမ်းစစ်တပ်၏ သတင်းပေးဒလန်ဟုဆိုသည့် ဆိုင်ကယ် ကယ်ရီသမား ပစ်သတ်ခံရ

ဝမ်းတွင်းမြို့တွင် အာဏာသိမ်းစစ်တပ်၏ သတင်းပေးဒလန်ဟုဆိုသည့် ဆိုင်ကယ် ကယ်ရီသမား ပစ်သတ်ခံရ
နိုဝင်ဘာ 14, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့တွင် အာဏာသိမ်းစစ်တပ်၏ သတင်းပေးဒလန်ဆိုသူ တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၄)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်အချိန်က အာဏာသိမ်းစစ်တပ်၏ သတင်းပေးဒလန်ဆိုသူ ဆိုင်ကယ် ကယ်ရီမောင်းသူသည် ရွှေနန်းကဖေးနှင့်အအေး ဆိုင်ရှေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ  ဝမ်းတွင်းမြို့ ဗဟိုရပ်ကွက်မှ ချက်ဖောင်းဆိုသူဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ဝမ်းတွင်းမြို့တွင် အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံများအား  သတင်းပေးသူများနှင့်ဒလန်ဟုဆိုသူများသည် မကြာခဏ သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။