နှစ်ဘက်စစ်ရေးပဋိက္ခများ အဆုံးသတ်ရန် တွေ့ဆုံဆွေးနွေးရန်အသင့်ရှိဟု TNLA အသိပေး

နှစ်ဘက်စစ်ရေးပဋိက္ခများ အဆုံးသတ်ရန် တွေ့ဆုံဆွေးနွေးရန်အသင့်ရှိဟု TNLA အသိပေး

နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် တိုက်ပွဲများရပ်စဲရေးအတွက် နှစ်ဘက်စစ်ရေးပဋိက္ခများ အဆုံးသတ်ရန် တွေ့ဆုံဆွေးနွေးရန်အသင့်ရှိကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့တွင် အသိပေးလိုက်သည်။

စစ်ကောင်စီတပ်၏ လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်သည့်တိုက်ပွဲကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ဒေသခံပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက်ထားခြင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲများ ရပ်စဲရေး ကြားဝင်ကြိုးပမ်းနေသည့် တရုတ်အစိုးရကို လေးစားအသိအမှတ်ပြုသည့်အနေဖြင့် နှစ်ဘက်စစ်ရေးပဋိက္ခများ အဆုံးသတ်ရန် တွေ့ဆုံဆွေးနွေးရန်အသင့်ရှိကြောင်း TNLA က အသိပေးလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများအဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးအခြေအနေ တည်ဆောက်ရန်အတွက် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ် ကြိုးပမ်းနေမှုများကို PSLF မှ အပြုသဘောဆောင် ကောင်းကျိုးရှိသည့်အမြင်ဖြင့် ကောင်းမွန်သည့် ရလဒ်များရရှိရန် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။

ထို့အပြင် ထုတ်ပြန်ချက်တွင် TNLAသည် တအာင်းလူမျိုးများ အဖိနှိမ့်ခံဘဝမှ လွတ်‌မြောက်ရန်နှင့် တအာင်းပြည်နယ်ရရှိရန်အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ပြီး ကိုယ်ပိုင် ပြဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တိုင်းရင်းသား မြန်မာပြည်သူလူထုနှင့်အတူ တည်ဆောက်ရန် အမြဲတစေကြိုးပမ်းနေသည်ဟုလည်း ဖော်ပြသည်။

ယနေ့နံနက်တွင်လည်း စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်များကို ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရမည့်အချိန်ဖြစ်သည်ဟု ပြောဆိုထားသည်။

TNLA သည် ၂၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ဒုတိယပိုင်းအတွင်း နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်၊ မိုင်းငေါ့မြို့နယ်၊ မိုင်းလုံမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်နှင့် သီပေါမြို့နယ်တို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။

#TachileikNewsAgency

Photo: PSLF/TNLA News