မန္တလေး မှ မုံရွာမြို့ဘက်သို့ စစ်အသုံးဆောင်နှင့် ရိက္ခာများသယ်ဆောင်လာသည့် ယာဉ်တန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်

မန္တလေး မှ မုံရွာမြို့ဘက်သို့ စစ်အသုံးဆောင်နှင့် ရိက္ခာများသယ်ဆောင်လာသည့် ယာဉ်တန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်

မန္တလေး မှ မုံရွာမြို့ဘက်သို့ စစ်အသုံးဆောင်နှင့် ရိက္ခာများသယ်ဆောင်လာသည့် စစ်ကောင်စီတွဲကား ယာဉ်တန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ကြောင်း Area 71 PDF Monywa အဖွဲ့မှ သတင်းထုတ်ပြန်သည်။

မန္တလေးမှ မုံရွာမြို့ဘက်သို့ စစ်အသုံးဆောင်နှင့် ရိက္ခာများ သယ်ဆောင်လာသည့် စစ်ကောင်စီတွဲကား ယာဉ်တန်းအား ၂၀၂၄ခုနှစ် ဇွန်လ (၂၀) ရက်နေ့ မနက် (၁၀)နာရီတွင် ချောင်းဦးမြို့နယ် ခင်မွန်ဘက်စုံခြံအနီး၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျည်ထိမှန်၍ ထိုးရပ်သွားသည့် ရိက္ခာအပြည့်ပါ ကားတစ်စီးအားလည်း  ရှေ့ခေါင်းပိုင်းအတွင်းသို့ လက်ပစ်ဗုံးများ ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီ ( Transporter ) တွဲကား (၃)စီး သုံးမရ‌အောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေဆုံးခဲ့ကာ၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Area 71 PDF Monywa၊ အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု - NPRF၊ Chindwin Land Defence Forc၊ ONE Local People Defence Myingyan ၊ MGN Tiger ၊ Black Hero Local PDF  နှင့် Myingyan Danger Dynamite People Defence အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီယာဉ်တန်းနှင့် တပ်ဖွဲ့ဝင်များကို အခွင့်အရေးရသလို ပြောက်ကျားတိုက်ခိုက်ခြင်း ၊ မိုင်းဆွဲခြင်းများပြုလုပ်လျှက်ရှိပြီး ယခု တိုက်ခိုက်မှုသည် ဇွန်လအတွင်း ချောင်းဦး-မုံရွာလမ်းပိုင်း၌ အဖွဲ့အစုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို (၈) ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency