ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ၁၄ လမ်းဆုံ ပုလဲလမ်း၌ ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့ ညပိုင်းတွင် သားအမိ (၄)ဦး ပံ့သကူကောက်ရာက အမေဖြစ်သူ ကားတိုက်ခံရကာ သေဆုံးသွားကြောင်း ကူညီကယ်ဆယ်သူများထံမှ သိရသည်။
၁၄ လမ်းဆုံ ပုလဲလမ်းပေါ်တွင် ရှေ့ကားမှ ပံ့သကူပစ်သွားသည်ကို သားအမိ(၄)ဦးက လမ်းလယ်သို့ သွားကောက်ရာက နောက်မှ တက္ကစီကားက အရှိန်နှင့် ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
ကားတိုက်ခံရသဖြင့် မိခင်ဖြစ်သူမှာ ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရပြီး ကလေး(၃)ဦးမှာ ကားတိုက်ခံရခြင်းမရှိဟု ဆိုသည်။
မိခင်ဖြစ်သူအား ကနောင် နာရေးကူညီမှုအသင်းက မြေပြင်ကုသပေးပြီး ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် စမ်းချောင်းမြို့နယ် ဗဟိုလမ်း ဝေဠုဝန်လမ်းကျယ်တွင် ပံ့သကူပိုက်ဆံကြဲသည်ကို လုကောက်ရာက ချော်လဲကာ ဦးခေါင်း နောက်စေ့ (၆)လက်မခန့်ကွဲသည့် လူနာတစ်ဦးကိုလည်း အနာဂတ်အလင်းတန်းမှ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
#TachileikNewsAgency