ငါန်းဇွန်မြို့နယ် မင်းနေကုန်းရွာ ရဲစခန်းအား တော်လှန်ရေးအင်အားစုများမှ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

ငါန်းဇွန်မြို့နယ် မင်းနေကုန်းရွာ ရဲစခန်းအား တော်လှန်ရေးအင်အားစုများမှ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မင်းနေကုန်းရွာ ရဲစခန်းအား တော်လှန်ရေးအင်အားစုများမှ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ) ထံမှ သိရသည်။

ငါန်းဇွန်မြို့နယ်အတွင်း စစ်တပ်နှင့်ရဲ ပူးပေါင်းတပ်စွဲထားသည့် မင်းနေကုန်းရွာ ရဲစခန်းအား ၂၀၂၄ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့ ညနေ (၃) နာရီခန့်တွင် တော်လှန်ရေးအင်အားစုများမှ ၆ဝ မမ လက်နက်ကြီးများ နှင့် ဒရုန်းများဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ အရေအတွက်အား ဆက်လက်စုံစမ်းနေကြာင်း ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ) က ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် တော်လှန်ရေးအင်အားစုများဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်-၈၊ MGN-Tiger၊ MGN-35 ၊ နွားထိုးကြီးမြို့နယ်-ပကဖ ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ ၊ ပြည်ချစ်သားပြောက်ကျားတပ်ဖွဲ့ ၊ ဧရာဝတီမင်းသားပြောက်ကျားတပ်ဖွဲ့ ၊ Myingyan Denger Dynamite ၊ AungSan's Blood Civilians Defense Force (ABCDF)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်-၉ နှင့် နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency