ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲရာ ဆရာမတစ်ဦးအပါ ၃ ဦးသေဆုံး

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲရာ ဆရာမတစ်ဦးအပါ ၃ ဦးသေဆုံး

အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ ကျောင်းဆရာမတစ်ဦးအပါ (၃)ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း သိရသည်။

စစ်ကောင်စီသည် နံနက်(၁၀)နာရီကျော်က ယိုးတရုတ်ဈေးအနီးကို ဗုံး(၄)လုံး လေယာဥ်ဖြင့် ကြဲချခဲ့ခြင်းဖြစ်ပြီး ကျောင်းဆရာမ ဒေါ်အေးကျော့အပါအဝင် (၃)ဦးသေဆုံးသည်ဟု သိရသည်။

" Y-12 လေယာဉ်နဲ့ လာပြီးပစ်သွားတာ။ ဆရာမ ဒေါ်အေးကျော့၊ ကိုသောင်းစံ၊ သန္တာခိုင်နဲ့ ကလေးတစ်ဦးသေတယ်။ နေအိမ်‌တွေလည်းထိတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။"ဟု ဒေသခံတစ်ဦး က Tachileik News Agency ကိုပြောသည်။

ဗုံးကြဲခံရသဖြင့် ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်ကြရပြီး အခြေအနေအသေးစိတ်ကိုမူ မသိရသေးပါ။

#TachileikNewsAgency