မကွေးတိုင်း မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး ၂၀၂၄ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့က အလင်းဝင်ရောက်လာကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ် ကျော်လင်းသည် G4 သေနတ် (၁)လက်၊ ကျည်ဘောက် (၃)ခု၊ ၎င်းကျည် (၂၄၈)တောင့်၊ ခြောက်လုံးပြူးသေနတ် (၁)လက်၊ ၎င်းကျည် (၁၅)တောင့်နှင့် လက်ပစ်သီး (၂)လုံးတို့ဖြင့် အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။
မြို့ပေါ်ရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ငဲ့ကွက်သည့်အတွက် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခြင်းမပြုသေးဘဲ ရိက္ခာဖြတ်တောက် ဝိုင်းဝန်းပိတ်ဆို့မှုသာ ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် မြိုင်မြို့ပေါ် ရှိ စခန်းအသီးသီးမှ စစ်ကောင်စီတပ်သားများအနေဖြင့် အကြမ်းဖက်စစ်တပ်အား အမြန်စွန့် ခွာ၍ ပြည်သူ့ရင်ခွင်သို့ ပူးပေါင်းပါက ဆုကြေးငွေနှင့်အတူ မိသားစုများရှိရာသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo : မြိုင်-ပကဖ