ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လည်လွှတ်ပေးရေး နိုင်ငံတကာအနေဖြင့် စစ်ကောင်စီအား ထိရောက်စွာ ဖိအားပေးရန် AAPP တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လည်လွှတ်ပေးရေး နိုင်ငံတကာအနေဖြင့် စစ်ကောင်စီအား ထိရောက်စွာ ဖိအားပေးရန် AAPP တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားများအားလုံး ပြန်လည်လွှတ်ပေးရေး နိုင်ငံတကာအနေဖြင့် စစ်ကောင်စီအား ထိရောက်စွာ ဖိအားပေးရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် သံတိုင်နောက်မှဘ၀များ အမည်ဖြင့် ကြေညာချက်ထုတ်ပြန် တောင်းဆိုခြင်းဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စုအား တရားဝင်မှုကို မည်သည့်နည်းနှင့်မျှမပေးဘဲ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးပြန်လည်လွှတ်ပေးရေးနှင့် စစ်အုပ်စုအပေါ်  ထိရောက်စွာ ဖိအားပေးရေး၊ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်ခြင်းများအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေးကို ဝိုင်းဝန်းကြိုးပမ်း ကူညီပံ့ပိုးပေးရန် AAPP က တိုက်တွန်းထားသည်။

နိုင်ငံရေးအကျဉ်းသားများကို ၎င်းတို့၏ လက်အောက်ခံ ရဲစခန်းများ၊ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များ၌ ချုပ်နှောင်ကာ စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများကို နည်းလမ်းမျိုးစုံ အသုံးပြု၍ ဆောင်ရွက်နေကြောင်းကိုလည်း AAPPက အသိပေးထားသည်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်အတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခြင်းခံရသူ စုစုပေါင်း (၄၀၆)ဦးရှိကာ အဆိုပါ အရေအတွက်တွင် စစ်အုပ်စု၏ တရားဝင်ထိန်းသိမ်းရေးစခန်းများဖြစ်သည့်  ရဲစခန်းများတွင် သေဆုံးသူ (၁၂)ဦး ၊ စစ်ကြောရေးများတွင် သေဆုံးသူ (၁၅)ဦးနှင့် အကျဉ်းထောင်များတွင် သေဆုံးသူ (၃၁)ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများမှာ အဖက်ဖက်မှ ဖိစီးနှိပ်စက်မှုများကို စတင်ဖမ်းဆီးခံရသည့်အချိန်မှစ၍ အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာပြီးနောက် လူမှုအသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရန် ကြိုးစားရာတွင်ပင် စိန်ခေါ်မှုများ၊ အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုသည်။

၂၀၂၄ ခုနှစ်အတွင်း စစ်အုပ်စုမှ နိုင်ငံရေးအကျဉ်းသားများအပါအ၀င် ဖမ်းဆီးခံအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာအမည်ခံဖြင့် (၂)ကြိမ် ပြန်လည်လွှတ်ပေးခဲ့ပြီး အဆိုပါ ထောင်လွှတ်ပေးမှု (၂)ကြိမ်တွင် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၆၀၂)ဦးကို အရေအတွက်အားဖြင့် အတည်ပြုမှတ်တမ်းပြုစုနိုင်ခဲ့ကြောင်း (AAPP)က အသိပေးထားသည်။

#TachileikNewsAgency

#TNA_LE

Photo:Assistance Association for Political Prisoners (Burma)